ဗုဒ္ဓသာသနံ စိရံ တိဋ္ဌထု
လန်ဒန်ဝိဟာရ
သီတင်းသုံးသံဃာတော်များ
ဝိဟာရ၏နောက်ခံသမိုင်း
ဝိဟာရ၏တည်နေရာ
ဝိဟာရ၏ အကျိုးဆောင်များ
ဝိဟာရသို့ ဆက်သွယ်ရန်
အလှူဒါနပြုကြသူငါ
ဆွမ်းဆက်ကပ် လှူဒါန်းသူများ
ပစ္စည်းလေးပါးအလှူရှင်များ
ဝိဟာရပြုပြင်ရန်အလှူရှင်များ
ဝါဆိုသင်္ကန်းအလှူရှင်များ
ကထိန်သင်္ကန်းအလှူရှင်များ
စိတ်ဝင်စားစရာ
ဓမ္မစာစောင်များ
တရားတော်များနာယူရန်
ရုပ်မြင်သံကြားတရားတော်များ
ဝိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
ဝိဟာရ၏ဗီဒီယိုမှတ်တမ်းများ
ရက်ရာဇာပြဿဒါးပြက္ခဒိန်
သီတင်းသုံးသံဃာတော်များ၏ထေရုပ္ပတ္တိ
အရှင်ဝိသုတာစာရ
အရှင်ဝိသုတာစာရ၏ထေရုပ္ပတ္တိ
အရှင်ဝိသုတာစာရသည် စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် တောင်ဘိုရွာ၌ ခမည်းတော် ဦးဘိုသန်း+မယ်တော် ဒေါ်ရွှေမှီတို့ မှ (၁၃၁၆)ခု တပေါင်းလပြည့်ကျော် (၁၅)ရက် ဗုဒ္ဓဟူးနေ့ (၂၃ရက်၊မတ်လ၊၁၉၅၅) နေ့တွင် ဖွားမြင်ခဲ့ပါသည်။
(၇)နှစ်အရွယ်တွင် ယဉ်ကျေးမှု ဗုဒ္ဓအခြေခံစာပေများသင်ကြားရန် တောင်ဘိုရွာ ဒက္ခိဏာရာမကျောင်း ဆရာတော် ဦးသုတေသနထံတွင် အပ်နှံ၍ (၁၄)နှစ်အရွယ်တွင် ရှင်သာမဏေ ၀တ်ခဲ့ပါသည်။ မုံရွာမြို့ မဟာဇောတိကာရာမကျောင်းတိုက်သို့ ပါဠိစာပေများ သင်ကြားရန် ပြောင်းရွှေ့ နေထိုင်စဉ်မှာပင် မုံရွာမြို့ ပေါက်ပေါက်တန်းနေ အမိဒေါ်သိန်း သား ဦးသန်းညွန့် +ဒေါ်ဟန်တင်တို့၏ ပစ္စယာနုဂ္ဂဟခံယူကာ ဒက္ခိဏာရာမကျောင်း ဆရာတော်ဘုရားကို ဥပဇ္ဈာယ်ပြုလျက် မဟာဇောတိကာရာမကျောင်းတိုက် သာသနာ့ဝိသုဒ္ဓိသိမ်တော်၌ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
မုံရွမြို့မဟာဇောတိကာရာမကျောင်းတိုက် ပါဠိတက္ကသိုလ်၊ ရန်ကုန်မြို့ညောင်တုံးကျောင်းတိုက် ပါဠိတက္ကသိုလ်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ပါဠိတက္ကသိုလ်တို့ ၌ ပရိယတ္တိစာပေများဆက် လက်သင်ကြားရာ ပထမငယ် ၊ပထမလတ်၊ ပထမကြီးတန်းနှင့် အစိုးရဓမ္မာစရိယတန်းခေါ် သာသနာ့ဓဇ ဓမ္မာစရိယ ဘွဲ့တံများရသည်အထိ ဆည်းပူးခဲ့ပါသည်။
ဝိပဿနာ ကမ္မဋ္ဌာန်းတရားများကို ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာကြီး၌ သြ၀ါဒါစရိယ ရွှေရေးဆောင်ဆရာတော် ဦးပညာသာမိ၊ မြစ်သားဆရာတော် ဦးဝါသ၀၊ ပျဉ်းမနားဆရာတော် ဦးဇဋိလ ထံတို့တွင် ၀ါတွင်းသုံးလ အားထုတ်ခဲ့ပြီး၊ မဟာစည်အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်းကိုလည်း တက် ရောက်ခဲ့ပါသည်။
ထိုနောက် မဟာစည်ရိပ်သာကြီးအတွင်း နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၌ (၇) နှစ်တိုင်တိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ လန်ဒန်ဝိဟာရကျောင်း၌လည်း သာသနာ. တာဝန်များထမ်းဆောင်ရင်း သီတင်းသုံးလျက်ရှိပါသည်။ ။
အရှင်ဝိသုတာစာရ ထံဆက်သွယ်ရန်
Tel: 07515 729 446
Email: ashinvisutasara@gmail.com
Read in English
(မုဒုံဆရာတော်)
အရှင်ကုသလာနန္ဒ
အရှင်ဝိသုတာစာရ
အရှင်တောသန
အရှင်စန္ဓောဘာသ
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို
အမေ့အိမ် (မြန်မာအစားအစာ)
မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။
Copyright © 2010 LONDON VIHARA™ REGISTERED CHARITY NUMBER 284619