Head Banner
   ဗုဒ္ဓသာသနံ စိရံ တိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left သီတင်းသုံးသံဃာတော်များ၏ထေရုပ္ပတ္တိ Right
 
Abbotအရှင်တောသန


အရှင်တောသန၏ထေရုပ္ပတ္တိ

မွေးဖွားခြင်းနှင့်သာမဏေပြုခြင်း

ခမည်းတော် ဦးဘိုနီ မယ်တော် ဒေါ်အုန်းမေ တို့မှ ၁၃၂၅ ခု၊ တော်သလင်း လပြည့်ကျော် ၁၂ ရက်၊ (၁၄၊ ၉၊ ၁၉၆၃) စနေနေ့၌ မကွေးတိုင်း၊ ချောက်မြို့၊ အေးစေတီရပ်တွင် သားလှ ရတနာ မောင်မောင်နိုင် ကို မွေးဖွား သန့်စင်တော်မူခဲ့သည်။ သက်တော် ၁၃ နှစ် အရွယ်တွင် ချောက်မြို့၊ မဟာဝိ ဇိတာရုံ၊ ဆင်ဖြူကျွန်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဥာဏိန္တ (အဂ္ဂမဟာပဏ္ဍိတ) ကို ဥပဇ္ဈာယ်ပြု၍ ရှင် သာမဏေအဖြစ်ခံယူခဲ့သည်။

မြင့်မြတ်သောရဟန်းအဖြစ်ခံယူခြင်း

၁၃၄၄ ခုနှစ်၊ ပြာသိုလဆန်း ၈-ရက်၊ (၂၁/၀၁/၁၉၈၃) နေ့ တွင် ချောက်မြို့၊ မဟာဝိဇိတာရုံ၊ ဆင်ဖြူကျွန်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥာဏိန္တ (အဂ္ဂမဟာပဏ္ဍိတ) ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဒကာများဖြစ်ကြသော တောင်တွင်းကြီးမြို့၊ ဦးတက်ဖြိုး၊ ဒေါ်ကြည်စိန် တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်ကို ခံယူခဲ့ပါသည်။

စာပေသင်ကြားခြင်း

၁။ မကွေးတိုင်း၊ ချောက်မြို့၊ မဟာဝိဇိတာရုံ၊ ဆင်ဖြူကျွန်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥာဏိန္တ (အဂ္ဂမဟာပဏ္ဍိတ)၊ စာချ ဘဒ္ဒန္တ ကလျာဏ၊ ဘဒ္ဒန္တ ကေသ၀တို့ အထံတွင်၎င်း၊
၂။ မကွေးတိုင်း၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမ အရှေ့တိုက်၊ နာယက ဆရာတော်များ ဖြစ်ကြသော ဘဒ္ဒန္တ သုဒဿန၊ ဘဒ္ဒန္တ က၀ိန္ဒ၊ ဘဒ္ဒန္တ ဝေပုလ္လတို့ အထံတွင်၎င်း၊
၃။ မန္တလေးတိုင်း။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ နာယက ဆရာတော်များ ဖြစ်ကြသော ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ၊ ဘဒ္ဒန္တ ၀ိမလာဘိဝံသတို့ အထံတွင်၎င်း၊
၎။ မန္တလေးတိုင်း။ မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ သုစာရိန္ဒ၊ ပါမောက္ခ ဆရာတော်များ။ နည်းပြ ကထိက ဆရာတော်များနှင့် မန္တလေးမြို့ ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ်မှ လူပညာရှင် ပါမောက္ခ ဆရာကြီးများ ထံတွင်၎င်း လောကီ လောကုတ္တရာဆိုင်ရာ ပညာရပ်များကို သင်ကြားဆည်းပူးခဲ့ပါသည်။

အောင်မြင်ခဲ့သော စာမေးပွဲများ

ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ချောက်မြို့နယ်လုံးဆိုင်ရာ အာဒိကမ္မိက ၀ိနယမာမက ပထမကျော်နှင့် သာသနတက္ကသီလ ဓမ္မာစရိယ၊ B. A (Buddhism)

သာသနာရေးဆောင်ရွက်ချက်များ

အထက်ပါ သာသနတက္ကသီလဓမ္မာစရိယ၊ B. A (Buddhism) ဘွဲ့ရယူနိုင်ရေးအတွက်နိုင်ငံတော် သာသနာရေး ၀န် ကြီးဋ္ဌာန၏ တာဝန်ပေးအပ်ချက်အရ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ နာဂတောင်တန်းများဆီသို့ တောင်တန်း သာသနာပြု တာဝန်ကို ထမ်း ဆောင်ခဲ့သည်။

၎င်းဘွဲ့ရရှိပြီး ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာကြီးတွင် နာယကဆရာတော်ကြီးများ၏ လမ်းညွန် သင်ကြား မှုဖြင့် ၀ိပဿနာတရားများကို ကျင့်ကြံ ကြိုးစား ပွားများ အားထုတ်ခဲ့ပြီးနောက် မဟာစည် အဖွဲ့ကြီးမှ ဖွင့်လှစ် ထားသော အပြည်ပြည်ဆိုင်ရာ နိုင်ငံခြားသာသနာပြုသင်တန်းကျောင်းသို့ တက်ရောက်အောင်မြင်ပြီး ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာကြီးတွင် သံဃာ့ဝန်ဆောင် တစ်ပါးဖြစ်လာကာ ပြည်တွင်း ပြည်ပယောဂီ တို့အား နာယက ဆရာတော်ကြီးများနှင့်အတူ ဘာသာပြန်လုပ်ငန်းများ၊ ၎င်းယောဂီတို့အား ကြီးကြပ် စောင့်ရှောက် တရားပြသပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် တဘက်တလမ်းမှ ကွန်ပြူတာပညာများကို လေ့လာ ဆည်းပူး သင်ယူ အောင်မြင်ခဲ့သည်။

၂၀၀၁ ခုနှစ်၊ မေလတွင် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့သို့ ၀ိပဿနာ တရားစခန်းများဖွင့်လှစ်ရန် မဟာစည် နာယကချုပ် မြစ်သား ဆရာတော်နှင့်အတူ လိုက်ပါခဲ့ရသည်။ ၎င်းနောက် ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလတွင် BBBTအဖွဲ့၏ပင့်ဖိတ်ချက်ဖြင့်ယခုသီတင်းသုံးလျက်ရှိသော London Vihara, 1 Old Church Lane, Kingsbury, London, NW9 8TG, UK ကျောင်းသို့ ရောက်ရှိသီတင်းသုံးလျက် မိမိတတ်မြောက်ထားသော ကွန်ပြူတာပညာဖြင့် ကျောင်းတိုက်၏ လပတ်ထုတ် ဓမ္မစာစောင်များ၊ ဘုရားရှိခိုးနှင့်ဝတ်ရွတ်စဉ် (အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ) စာအုပ် များ။ နှစ်စဉ်ထုတ် ပြက္ခဒိန်များ၊ ပွဲတော်အသီးသီး အတွက် ဖိတ်စာများကို ကိုယ်တိုင် ဆောင်ရွက် ထုတ်ဝေခဲ့သည်။

London Vihara ၌သီတင်းသုံး နေထိုင်စဉ် Thailand, Switzerland, Singapore, Malaysia, France, Germany and Belgium နိုင်ငံများသို့ ကြွရောက်ခဲ့သည်။ ယခုအခါ London Vihara ၌ ကျောင်းတိုက်၏တာဝန်များကို ဆက်လက် ဆောင်ရွက်ရင်း သီတင်းသုံး နေထိုင်လျက်ရှိသည်။



အရှင်တောသန ထံဆက်သွယ်ရန်

Tel: (+44) 07961092176
Email: vtosana@gmail.com

 
 
Left   Right
 
Left   Right
  (မုဒုံဆရာတော်)
အရှင်ကုသလာနန္ဒ
Abbots
 
Left   Right
Left   Right
 
အရှင်ဝိသုတာစာရ
Abbots
 
Left   Right
Left   Right
 
အရှင်တောသန
Abbots
 
Left   Right
Left   Right
 
အရှင်စန္ဓောဘာသ
Abbots
 
Left   Right
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright © 2010 LONDON VIHARA™ REGISTERED CHARITY NUMBER 284619