|
|
 |
အင်္ဂလန်ခရီး မပြီးသေးပါ (၂၃) |
 |
|
|
| အရှင်ဉာဏိကာဘိဝံသ |
အင်္ဂလန်ခရီးစဉ်တလျောက်
ရောက်ခဲ့တဲ့နေရာ
တော်
တော်များများကို မှတ်တမ်းရေးဖြစ်ခဲ့တာ ဆောင်းပါး (၂၂)
ပုဒ်တောင် ရှိသွားပြီ။ ကိုယ့်အတွေ့အကြုံတွေကို အများနဲ့
လည်း မျှဝေချင်တာနဲ့ ရေးပြီးသမျှကို ဝက်ဘဆိုက်မှာ
တင်ဖြစ်တယ်။ တော်တော်များ ဖတ်ဖြစ်ကြတယ်ထင်ပါ
ရဲ့။ အင်္ဂလန်အကြောင်း ဖတ်ရတယ်။ အင်္ဂလန်မှာ တော်
တော်ပျော်ခဲ့ဟန်ထင်တယ်။
ဘယ်တုန်းကပြန်ရောက်သ
လဲ စသဖြင့်မေးကြတာနဲ့ မကြာခဏ တွေ့ရတယ်။ ဆက်
ပြီးရေးပါဦးလို့ အားပေးကြ၊ တောင်းဆိုကြသူတွေလည်း
မနည်းလှဘူး။ အင်္ဂလန်အကြောင်း ဖတ်ဖြစ်တဲ့ သူအများစု
က နှစသက်သဘောကျကြောင်းလည်း ပြောကြတယ်။
အချို့ကတော့
အင်္ဂလန်
အကြောင်းဆောင်းပါးတွေကို
ဖတ်ပြီး အင်္ဂလန်သွားလိုစိတ်ဖြစ်မိတယ်တဲ့။ အချို့ကတော့
လည်း တစ်မျိုး။ ရောက်တဲ့နေရာတွေအကြောင်းကို ပြည့်
ပြည့်စုံစုံရေးထားတော့ ကိုယ်သွားနေစရာ မလိုတော့ဘူး။
ကိုယ်တိုင်ရောက်သွားသလို ဖြစ်သွားတယ်တဲ့။ စာဖတ်ကြတာခြင်းအတူတူပေမယ့် ခံယူပုံခြင်းက မတူ
ကြဖူးလေ။ စာဖတ်သူဖက်က ခံယူပုံခြင်း ကွဲပြားပေမယ့် နှစ်သက်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲထွက်လို့
ရေးသူဖက်ကကြည့်လျင်တော့ ဝမ်းသာစရာတစ်မျိုးတည်းသာပါ။
ရှိတ်စပီးယားမြို့လေးအကြောင်း
ရေးထားတာကို
စိတ်ဝင်စား
ကြောင်း အပြောများတာကို သတိထားမိတယ်။ ကိုယ်ကိုယ်တိုင်လည်းပဲ ရှိတ်စပီးယားမြို့လေးကို အ
ကိုယ်သဘောကျတဲ့အကြောင်း
ရေးခဲ့တာမို့
ဖတ်သူတွေလည်း
ပိုပြီး
သဘောကျစရာ ဖြစ်သွားတာလည်း ဖြစ်နိုင်တာပါပဲ။ ဒါမှမဟုတ် ရှိတ်စပီးယားအကြောင်းကို အရင်
ကတည်းက ကြားဖူး၊ သူ့စာတွေကိုလည်း ဖတ်ဖူးကြလို့ ရှိတ်စပီးယားနဲ့ ရင်းနှီးနေနှင့်တာကြောင့်လည်း
ပဲ ဖြစ်နိုင်တာပါပဲ။ ရှိတ်စပီးယားမြို့အကြောင်းဖတ်ပြီး အခွင့်သာလျင် စတရက်ဖို့အပ်ပွန် အေဗွန်မြို့လေး
ကို အရောက်သွားဦးမယ်လို့ ဆိုသူလည်းရှိရဲ့။ တချို့ကတော့ နောက်တစ်ခေါက်သွားဖြစ်လျင် ခေါ်ပါဦး
တဲ့။ အင်း၊ ဒါကတော့ စဉ်းစားရဦးမယ့် အချက်ပေါ့လေ။
အရာဝတ္ထုတစ်ခု၊ မြင်ကွင်းတစ်ခုတည်းပေမယ့် အဲဒီမြင်စရာ မြင်ကွင်းကို မြင်ပုံခြင်းတော့ တစ်ဦးနဲ့ တစ်
ဦး မတူနိုင်ပါဘူး။ ကြည့်သူရဲ့ မနောဓာတ်ခံမှာ ရှိနေတဲ့အသိဉာဏ်တို့၊ ဘယ်ရှုထောင့်က ဘယ်ပုံစံနဲ့
ဘယ်လိုကြည့်တယ်စတာတွေကလည်း မြင်ပုံခြင်း ကွာခြားစေနိုင်တယ် မဟုတ်လား။ မြင်ပုံခြင်း တူတယ်ထားဦး။ မြင်တာကိုအမှီပြုပြီး ခံစားမှုခြင်း တူနိုင်ဖို့ကတော့ ခက်ခဲမှာပါ။ ဘယ်လိုစိတ်ဓာတ်အခံနဲ့
ခံစားမလဲ။ နူးညံ့တဲ့စိတ်ဓာတ်အခံနဲ့ ခံစားမလား။ ကြမ်းတမ်းခက်မာတဲ့ စိတ်ဓာတ်အခံနဲ့ ခံစားမလား။
စိတ်ထားအခံတွေ ကွဲပြားရင် ကွဲပြားသလောက် ခံစားပုံတွေလည်း ကွဲပြားသွားမှာပေါ့။ မြင်ပုံခြင်းတူ၊
ခံစားပုံခြင်း တူတယ်ဆိုစေဦး။ ခံစားမှုကို အခြေပြုပြီး ခံစားမှုအပေါ် တုန့်ပြန်ရာမှာ တူနိုင်ဖို့ကတော့ ပို၍ပို၍ပင် ခက်ခဲတဲ.အရာမျိုးရယ်ပါ။
ကိုယ်ကတော့ ကိုယ်သွားခဲ့တဲ့ အင်္ဂလန်ခရီးစဉ်ကို ကိုယ်မြင်သလို ခံစားကာ စာရေးခြင်းနဲ့ ဖော်ထုတ်
တုန့်ပြန်လိုက်တယ်။ စာဖတ်သူတွေထဲက တစ်ယောက်ကပြောတယ်။ အင်္ဂလန်အကြောင်းက အ
ကောင်းတွေချည်း။ အဆိုးတွေကိုလည်း ပြောပါဦးတဲ့။ သူကသိပ်ပြီး ဆိုးတဲ့အကြောင်း ကြားလိုတယ်
ထင်ပါရဲ့။ လောကကြီးထဲ နေ့စဉ်တွေ့မြင်ကြားသိနေရတဲ့ အဆိုးသတင်းတွေ၊ ခံစားနေရတဲ့ အဆိုးတွေနဲ့
သူ့မှာမကျေနပ်နိုင်၊ အားမရနိုင် ဖြစ်နေထင်ပါ့။ ရေးခဲ့တဲ့ ဆောင်းပါးတွေထဲမှာ အကောင်းတွေချည်း၊
သာယာဖွယ်တွေချည်းသာလို့ မြင်တယ်ဆိုလျင်တော့ ကိုယ်က အဆိုးတွေကို မမြင်ပဲ၊ အကောင်းတွေ
ချည်းကိုသာ အကောင်းစိတ်နဲ့မြင်ပြီး အကောင်းဆုံးတုန့်ပြန်တယ်လို့သာ မှတ်လိုက်ပေါ့ လို့ သူ့ကို ပြန်ပြောလိုက်ပါတယ်။
အဆိုးတွေကိုကြားချင်တဲ့ စာဖတ်သူ သူ့အတွက် အဆိုးတွေ မပြောပြနိုင်တဲ့ ကိုယ့်ကိုယ်သာ ခွင့်လွှတ်ပါ
လို့ ပြောရတော့မလို။ ခုလည်း ကိုယ့်အကောင်းစိတ်ဓာတ်ခံက မဆုံးသေးဘူးလေ။ ဒီနေ့ပဲ အင်္ဂလန်မှာ
ရိုက်လာတဲ့ ဓာတ်ပုံတွေထဲက ပုံအချို့ကို ပြန်ကြည့်ဖြစ်တယ်။ ဒီဓာတ်ပုံတွေကို ကိုယ့်ခရီးစဉ်တလျောက်
လုံး အဓိက ကူညီလိုက်ပို့ပေးခဲ့တဲ့ လန်ဒန်ဝိဟာရမှာ သီတင်းသုံးနေတဲ့ ဆရာတော်အရှင် တောသနက
လူကြုံနဲ့လှန်းပို့လိုက်တာ။ Strafford Up On Avon ဆိုတဲ့ ရှိတ်စပီးယားမွေးဖွားရာမြို့လေးမှာ ရိုက်ခဲ့တဲ့
မှတ်မှတ်ရရ။
ရှိတ်စပီးယားမြို့လေးကို
ရောက်သွားခဲ့တဲ့နေ့မှာပဲ
ကိုယ့်ကင်မရာ
ထဲမှာပါတဲ့
မင်မိုရီကဒ်က
ကုန်သွားလို့
ကိုယ့်ကင်မရာနဲ့
ပုံအနည်းအကျဉ်းသာ
ရိုက်နိုင်ခဲ့တယ်လေ။ အရေးပေါ် ၄ ဂစ်ရှိ
တဲ့
မင်မိုရီကဒ်တစ်ကဒ်
ဝယ်ခဲ့တယ်။
ဒါပေမယ့် ကိုယ့်ကင်မရာက ဟောင်းနေ
တော့ ၄ ဂစ်ရှိတဲ့ မင်မိုရီကဒ်ကို လက်မခံ
နိုင်ဘူးလေ။ ကံအားလျော်စွာ လိုက်ပို့ပေး
တဲ့ ဓာတ်ပုံဝါသနာရှင် ဒကာလေးကိုရန်
ရှင်းဦးက သူ့ကင်မရာနဲ့ မှတ်တမ်းတင်ထားပေလို့သာ ပုံအချို့ရခဲ့တာ။ သူ့ဆီကနေ အဲဒီပုံတွေကို USB
ဒရိုက်ထဲ ကူးယူထားခဲ့တာ။ ဖြစ်ချင်တော့ အဲဒီကူးယူထား တဲ့ USB ဒရိုက်ကို လန်ဒန်မှာ မေ့ဖြစ်အောင်
ကိုပဲ မေ့ပစ်ထားခဲ့တာလေ။ အဲဒီပုံတွေကို လန်ဒန်ကနေ ပို့ပေးလိုက်တာ။ ခုပြန်ကြည့်ရတော့ မြင်ကွင်း
က အသစ်လိုပြန်ဖြစ်သွားတယ်။ အသစ်ပြန်မြင်ရသလိုဆိုတော့ ခံစားမှုလည်း အသစ်ဖြစ်ရပြန်တာပေါ့။
ထက် ပိုထိရောက်တယ် လို့ဆိုကြတာ ဟုတ်ပေသားလို့ လက်ခံလိုက်ပါတယ်။ လှေလေးတွေ၊ မော်
တော်ငယ်လေးတွေစီးပြီး စတရက်ဖို့အပ်ပွန်အေဗွန်မြို့လေးရဲ့ အလယ်ကဖြတ်စီးနေတဲ့ အေဗွန်မြစ်လေး
အတွင်းမှာ အပန်းဖြေနေကြသူတွေရဲ့ အပျော်မျက်နှာတွေ။ နှစ်, ရာပေါင်းများစွာ ရှည်ကြာညောင်းခဲ့ပေ
မယ့် အဟောင်း အကောင်း ပကတိအတိုင်းရှိနေသေးတဲ့ ရှိတ်စပီးယားမြို့လေးအတွင်းက ရှေးဟောင်း
လူနေအိမ် အဆောက်အဦတွေရယ်။ ဂန္ထဝင်မြို့လေးအတွင်းက ဂန္ထဝင်လမ်းမများပေါ်မှာ ကူးလူးသွား
လာရင်း ရှိတ်စပီးယားဝိဉာဉ်လိုက်ဖမ်းနေကြတဲ့ ဂန္ထဝင်တူးဖော်ရေးသမားများရဲ့ ပီတိမျက်နှာတွေက
ပုံတွေကို ပြန်ကြည့်နေမိတဲ့ ကိုယ့်ကိုယ်တောင်မှပဲ အပျော်တွေ ကူးစက်လာသလို ပြန်လည်ခံစားမိပါတယ်။
နွေတနေ့ရဲ့ နေညိုညချမ်း အချိန်လေးမှာ သာယာမှုပေါင်း စုံညီညာနဲ့ လှချင်တိုင်းလှနေတဲ့ ရှိတ်စပီးယား
မြို့လေးကို ကံကောင်းလှစွာ ရောက်ခဲ့ရတဲ့ခရီးဟာ တကယ်တော့ ခုလိုဓာတ်ပုံတွေ ပြန်လည်ကာ မမြင်
မတွေ့ရလျင်တောင်မှလည်း အစဉ်ထာဝရ မေ့ဖျောက်လို့ ရနိုင်မှာမျိုး မဟုတ်ပါဘူး။
ရှိတ်စပီးယားမြို့လေးကို ရောက်ခဲ့စဉ်က အိပ်မက်မြို့ကလေးထဲ ရောက်နေသလို ခံစားမိခဲ့တာ။ ပုံတွေကို
ခုပြန်မြင်ရပြန်တော့ အင်း၊ ရှိတ်စပီးယားမြို့လေးကို ကိုယ်ရောက်ခဲ့တာ တကယ်များမှရော ဟုတ်ပါလေ
စလို့တောင် ပြန်လည် သံသယ ဖြစ်မိရပြန်ပါတယ်။ တကယ့်ကိုပါ။ မြို့လေးက လှပဲလှနိုင်လွန်းလှတယ်။
ခမ်းနားလို့ ထယ်ဝါတာမဟုတ်။ သစ်လွင်လို့ တောက်ပတာ မဟုတ်။ ဆန်းကြယ်လို့ လှပတာမျိုးမဟုတ်။
ငြိမ်းချမ်းသိမ်မွေ့စွာ၊
တည်ငြိမ်အေးဆေး
စွာနဲ့ ဣနြေ္ဒရရလေး
ကျက်သရေ ရှိရှိ
လှနေလိုက်တာက။ ကမ္ဘာကျော် စာရေး
ဆရာကြီးတစ်ဦး မွေးဖွားရာမြို့။ နေထိုင်
သွားတဲ့မြို့။ ကွယ်လွန်ရာမြို့။ ဒီမြို့လေးရဲ့
အနုပညာဆန်ဆန်လေး
လှနေတာက။
တကယ့်ကိုမှ မမေ့ရက်နိုင်စရာ။
အရင်ရေးခဲ့တဲ့ စာထဲမှာတုန်းက ကိုယ့်
ဓာတ်ပုံပါတဲ့ပုံကို
ဖော်ပြလိုက်ရင်
ပန်းခင်းလေးရဲ့အလှ ပျက်သွားမှာစိုးရိမ်လို့ ကိုယ့်ပုံပါတဲ့ဓာတ်ပုံ ထည့်မပေးလိုက်ဖူး။ ခုတော့ ရှိတ်စပီးယား
မြို့လေးရဲ့အကြောင်းကို အတန်အသင့် သိပြီးဖြစ်လောက်ပြီမို့ အမှတ်တရ ရိုက်ယူခဲ့တဲ့ ကိုယ့်ဓာတ်ပုံကို
ပါ ပူးတွဲကာ ဖော်ပြလိုက်တယ်။ အလှတွေကြားမှာ မလှမပ အရာတစ်ခု ရှိနေခြင်းကပင်လျင် အလှ
လေးတွေ ပိုမိုလှဖို့ရန်အကြောင်း ဖြစ်စေနိုင်တယ်ရယ်လို့ ယုံကြည်တာလည်း ပါတယ်ပေါ့။
အေဗွန်မြစ်လေးအတွင်းက
လှေ
လေးပေါ်မှာ၊
ရှိတ်စပီးယားရုပ်
အလောင်း
မြှုပ်နှံရာ
တရိုင်နီတီ
ဘုရားကျောင်းလေးအတွင်းနဲ့အပြင်
ဖက်မှာ၊ မစ္စတာဟားဗတ်အိမ် တည်
ရှိရာ
ဟိုက်လမ်းပေါ်မှာ၊
Clock
Tower ဆိုတဲ့ နာရီမျှော်စင်ရှိရာလမ်း
ပေါ်မှာ၊ နေရာအနှံ့နီးပါးမှာ အမှတ်
တရ
ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။
ရှပယ်လ်လမ်းပေါ်မှာရှိတဲ့
ရှိတ်စပီး
ယားရဲ့ နောက်ဆုံးနေထိုင်သွားရာ Nash's House ဆိုတဲ့ နေရာသစ် အိမ်လေးအဝင်ဝနဲ့ အိမ်နောက်က
Knott Garden လေးထဲမှာပါ မကျန်ပေါ့။ ပန်းခြံလေးထဲ ကိုယ်ရောက်သွားတာက နွေရာသီရဲ့ ညနေ
စောင်းချိန်။ နွေရာသီမို့ နွေပန်းတို့ပွင့်ချိန်။ ရာသီလိုက်ပြီး ဒီပန်းခင်းလေးက အရောင်ရော၊ ဒီဇိုင်းပါ
ပြောင်းလဲနေတတ်တာတဲ့။ ခုပဲ အရောင်စုံနေလေတော့ ပြောင်းသွားမယ့်အရောင်ဆိုတာ ဘယ်လိုများ
ဖြစ်မလဲလို့ တွေးမိခဲ့သေးတာ။ ရာသီတိုင်းမှာ တစ်မျိုးစီ လှနေမှာကိုတော့ ယုံကြည်ပြီးသားပါ။
အဆိုးကို ဖတ်ချင်သူအတွက် ကိုယ့်ခံစားမိခဲ့တာလေးကို မျှဝေလိုက်ပါတယ်။ ဒါပေမယ့် မနာကျင်စေချင်ပါဘူး။
မှတ်မှတ်ရရ ရှိခဲ့တာတွေထဲမှာ ရှိတ်စပီးယား
မွေးဖွားရာအိမ်ရှိတဲ့ ဟင်လီလမ်းပေါ် စိုက်ထူ
ထားတဲ့
Fool
Sculpture
အမည်ရတဲ့
Jester အရုပ်လေးနဲ့ အမှတ်တရ ဓာတ်ပုံ
ရိုက်ဖြစ်ခဲ့တာလည်း အပါအဝင်ပါ။ ဒီအရုပ်
လေးကို အထူးမှတ်မိနေခဲ့တာက အရုပ်လေး
ရဲ့ အောက်ခြေခုံမှာ ရေးထိုးထားတဲ့ ရှိတ်စပီး
ယားရဲ့ အထင်ကရ စကားတစ်ခွန်းကြောင့်
လေ။The fool doth think he is wise, but the wise man knows himself to be a fool. တဲ့။
ဒါကို ကိုယ်က လူမိုက်ဟာ သူ့ကိုယ်သူ ပညာရှိလို့ ထင်တယ်၊ (ကိုယ့်ကိုယ်ကို မိုက်လို့မိုက်မှန်း မသိ
ဘူး)။ ဒါပေမယ့် ပညာရှိကတော့ သူမိုက်တာကို သူသိတယ် လို့ ဘာသာပြန်ကြည့်တယ်။ ကိုယ့်ကိုယ်
ကို မိုက်လို့မိုကမှန်းသိလျင် ပညာရှိလို့ဆိုလေတော့ မိုက်လို့မိုက်မှန်း မသိတဲ့သူကို လူမိုက် (အရူး) လို့
ဆိုလေတာ အမှန်တရားပါပဲ။ ရှိတ်စပီးယားရဲ့ ဒီစကားလေးတွေ့တော့ သူ့ခေတ်သူ့အခါတုန်းကလည်း
ရှိတ်စပီးယားမှာ လူမိုက်တွေနဲ့ အများကြီး ဆုံတွေ့ခဲ့လို့ ခုလိုပြောခဲ့တာဖြစ်မယ်လို့ ကိုယ်က တွေးမိခဲ့တယ်လေ။
မိုက်သူဟာ သူ့တစ်ကိုယ်တည်း မိုက်နေတာ
ဆိုလျင်ဖြင့် အကြောင်းမဟုတ်ဘူးပေါ့။ သူ့
ထိုက်နဲ့သူ့ကံ
ရှိပစေဆိုပြီး
ပေယျာလကံ
လျစ်လျူရှုထားလို့ ဖြစ်နိုင်တယ်။ ခက်တာက
ကံမကောင်း အကြောင်းမလှစွာ မိုက်သူတွေ
က ပညာရှိတွေလုပ်ရမည့် အလုပ်ကို မတန်
မရာ ဝင်လုပ်နေတတ်ကြတော့ အရာရာမှာ
ကမောက်ကမ
ဖြစ်ကုန်တတ်တယ်လေ။
ဒီတော့လည်း ငြိမ်းချမ်းရမည့်နေရာတွေမှာ မငြိမ်းချမ်းနိုင်ကြရ။ လှပရမည့်နေရာမှာ မလှပနိုင်ကြ။ မြစ်
ရေတွေလည်း ခန်း၊ လမ်းတွေလည်း ကြမ်း၊ ပန်းတွေလည်း မလန်းနိုင်ကြတော့ဘူးပေါ့။
အဲဒီလိုမိုက်မဲသူတွေနဲ့ မကင်းနိုင်စွာ ဆက်ဆံနေကြရတဲ့ သူတွေရဲ့ ဘဝတွေကလည်း ဘယ်မှာလာလို့
အေဗွန်မြစ်လေးထဲက မြစ်ရေအလျင်လို ငြိမ့်ငြိမ့်လေး စီးမျောနေနိုင်ပါတော့မလဲ။ Knott ပန်းခြံလေးထဲ
က ပန်းတွေလိုလည်း ဘယ်မှာလာပြီး ရောင်စုံဖြာလို့ လှပစွာ ဖူးပွင့်နိုင်ပါတော့မလဲ။ ဘဝလှသူတွေကို
မြင်ရတိုင်း ဘဝမလှသူတွေကို သတိရနေမိတတ်တာ။ သာယာတဲ့နေရာတွေကိုရောက်တိုင်း မသာ
မယာဖြစ်ရတဲ့နေရာမျိုးတွေကိုလည်း အောင့်မေ့မိတတ်တာ။ ဒါက စာနာတတ်သူများရဲ့ရင်မှာ အလိုလို
သာ ဝင်လာတတ်တဲ့ အထင်ကရ နာကျင်ဖွယ် ဒဏ်ချက်တွေပဲလေ။ ရေစီးကြမ်းကြမ်း၊ အလှမဲ့မဲ့၊ ကြေ
ကွဲဖွယ် ဘဝတွေအတွက် ကြင်နာမှုအပြည့်နဲ့ နာကျင်ခဲ့ရတဲ့ အကြောင်းတွေကိုသာ ရေးပြရလျင်ဖြင့်
ကိုယ့်ဆောင်းပါးတိုင်းမှာ ဒဏ်ရာအနာတရတွေနဲ့ အမြင်မလှ ဖြစ်နေတာချည်းကိုသာ တွေ့ကြရတော့
မှာ။ ဒါဆို ဘယ်မှာကြည်နူးစရာ ဖြစ်နိုင်ပါတော့မလဲ။
ကိုယ်က လူသားတိုင်းရဲ့ ဘဝတိုင်းကို စိမ်းလဲ့ပြာရည် ကြည်လင်ကာ အေးမြနေတဲ့ အေဗွန်မြစ်ရေလေး
လို ထာဝစဉ် အေးမြကြည်လင်လို့သာ နေစေချင်တာ။ ရောင်စုံဖြာဖူးပွင့်နေတဲ့ Knott ပန်းဥယျာဉ်ထဲက
ပန်းလေးတွေလို အမြဲလှပ ရှုမဝမျိုးသာ ဖြစ်နေစေချင်တာ။ စိုးနှောင့်ဗျာပါ၊ ဒဏ်နာဆိုလျင်ဖြင့် ရေလေး
တစ်ပေါက် ကျရောက်စင်လို့ နာကျင်ရတဲ့ အဖြစ်လေးမျိုး၊ လိပ်ပြာငယ်တစ်ကောင် မဆင်မခြင် တောင်
ပံခတ်လို့ ဟပ်တဲ့လေကြောင့် ထိခိုက်နာကျင်တာမျိုးလေးကိုပင်လျင် မဖြစ်စေချင်ဘူးလေ။ ။
|
|
|
|
|
 |
|
 |
|
|
|
|